ဧရာဝတီမြစ်အတွင်း ခုန်ချတဲ့ သားအမိနှစ်ယောက် အခက်အခဲများကို “One To One ကလေးလူနာကူညီရေး” မှ ကူညီမည်။

566

ဧရာဝတီမြစ်အတွင်း ခုန်ချတဲ့ သားအမိနှစ်ယောက် အခက်အခဲများကို One To One ကလေးလူနာကူညီရေး မှ ကူညီပါမည်။

ဒီနေ့ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ ဧရာဝတီမြစ်အတွင်း ခုန်ချတဲ့ သားအမိနှစ်ယောက်ရဲ့ အခက်အခဲများကို ကူညီနိုင်တာလေး ကူညီမည်ဖြစ်သောကြောင့် မင်းကွန်းအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းရဲ့ ဖုန်းနံပါတ်သိသူများ ပြောပေးပါရန် One To One ကလေးလူနာကူညီရေး ဖေ့ဘုတ်ပေ့မှ အောက်ပါအတိုင်း တင်ပြတောင်းခံထားခြင်းဖြစ်ပါတယ်..။

One To One ကလေးလူနာကူညီရေး အသင်းသည် ပြည်သူလူထုရဲ့ လူမှုရေး ကျန်းမာရေး ကိစ္စရပ်များအတွက် တစ်ထောင့်တစ်နေရာမှ ကူညီပေးနေသော ပရဟိတအသင်းတစ်ခုဖြစ်ပါတယ်..။ လိုအပ်နေတဲ့ ပြည်သူတော်တော်များကိုလည်း စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဖြစ်ရပ်အများအပြားရှိခဲ့တဲ့ အားထားရတဲ့ ပရဟိတ ကူညီရေအသင်းအဖွဲ့ဖြစ်လို့ လေးစားအပ်သည်။ One To One ကလေးလူနာကူညီရေး အသင်းအဖွဲသည်လည်း ဒီထက်အောင်မြင်ပြီး လိုအပ်နေသော ပြည်သူများကို ဒီထက်ပိုပြီး ကူညီကုသိုလ်ယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ One To One ကလေးလူနာကူညီရေး အဖွဲ့သားအားလုံး ကျမ်းမာချမ်းသာကြပါစေ..။

ဘယ်လောက်များစိတ်ညစ်စရာတွေကြုံနေရလို့လဲ ကူညီနိုင် တာလေးကူညီရအောင် မင်းကွန်းအုပ်ချုပ်ရေးမှုးဦးမျိုးမြတ် ထွန်းဖုန်းနံပါတ်သိသူများရှိရင်ပြောပေးကြပါဦး။

ကူးတို့မော်တော်ပေါ်မှ သားမိနှစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှုဖြစ်ပွား

မန္တလေးမြို့မှ မရမ်းခြံ ဆိမ်းကမ်းမှ မင်းကွန်းဒေသသို့ ပြေးဆွဲနေသော လမင်းသာ အမည်ရှိ ကူးတို့မော်တော်ပေါ်မှ သားမိနှစ်ဦးဧရာဝတီမြစ်အတွင်းခုန်ချမှု ယနေ့ နေ့လယ်ပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း မင်းကွန်းအုပ်ချုပ်ရေးမှူးရုံးထံမှသိရသည်။

မင်းကွန်းဒေသမှ မန္တလေးမြို့၊မရမ်းခြံဆိပ်ကမ်းသို့ ကိုညီညီ မောင်းနှင်လာသော လမင်းသာ အမည်ရှိ ကူးတို့မော်တော်သည် ဧရာဝတီမြစ်လယ်အရောက် မော်တော်တွင်လိုက်ပါစီးနင်းလာသူခရီးသည် အသက် ၃၀အရွယ်အမည်မသိ အမျိုးသမီးတစ်ဦးမှ သားဖြစ်သူ ၁၀ နှစ်ခန့်ကို ချီပိုး၍ ဧရာဝတီမြစ်အတွင်းရုတ်တစ်ရက်ခုန်ချခဲ့ကြောင်း မင်းကွန်းအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောသည်။

” မင်းကွန်းကနေ သုံးနာရီက မော်တော်ထွက်သွားတာ။ ကျွဲစွန်းနားရောက်တော့ အမေဖြစ်သူကသားကိုချီပြီး ရုတ်တရတ်မြစ်ထဲခုန်ချတာ။ခုန်ချတဲ့သူက မင်းကွန်းကမဟုတ်ပါဘူး။ မန္တလေးကလို့ ကနဦးသိထားပါတယ်။ မော်တော်မောင်းတဲ့သူကသိသိခြင်းရပ်ပြီး။ လှေပေါ်ပါလာသူတွေချက်ခြင်းဆယ်လို့ အသက်ရှင်လျက်ကယ်ရခဲ့တယ်။ခု မရမ်းခြံဆိပ်ကိုရောက်သွားပါပြီ ”ဟု ၎င်း ကပြောသည်။

ယင်းကဲ့သို့ ဧရာဝတီမြစ်အတွင်း ရုတ်တရက် ခုန်ချစဉ် မော်တော်ပေါ်လိုက်ပါလာသူ ခရီးသည်အမျိုးသားမှ မော်တော်ပါရေပုံးများကိုအသုံးပြု၍ ချက်ခြင်း လိုက်လံဆင်းဆယ်ယူခဲ့သဖြင့် သားမိနှစ်ဦးစလုံး အသက်ရှင်လျက်ကယ်ဆယ်ရရှိခဲ့ကြောင်း သိရသည်။

ရတနာပုံ​နေ့စဉ်​သတင်းစာ