ေငြေၾကး မတတ္ႏိုင္သည့္ လူနာမ်ားအား ေဆးကုမေပးပါက တိုင္ၾကားႏိုင္ပါျပီ

69

ေငြေၾကး မတတ္ႏိုင္သည့္ လူနာမ်ားအား ေဆးကုမေပးပါကဝန္ႀကီးဌာနသို႔တိုင္ၾကားႏိုင္ပါျပီ

အစိုးရက်န္းမာေရး ေဆး႐ုံမ်ားတြင္ တာဝန္ရွိသူ ဝန္ထမ္းမ်ားအေနျဖင့္ အခေၾကးေငြမတတ္ႏိုင္သည့္ လူနာ မ်ားကို ေဆးကုသမႈမေပးျခင္း ၊ ဆက္ ဆံေရး မေျပျပစ္ျခင္း ရွိပါကက်န္းမာေရးဦးစီးဌာနသို႔ တိုင္ၾကားႏိုင္ၿပီး အေရး ယူေပးမည္ဟု က်န္းမာေရးဦးစီးဌာနမွတာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္

က်န္းမာေရးဦးစီးဌာနက က်န္းမာေရးဝန္ထမ္းေတြကို လူနာေတြကို မေျခမငံ မဆက္ဆံဖို႔၊ လူနာေတြဘက္ ကေန ဆက္ဆံလာရင္ေတာင္ သည္းခံ ဖို႔ ေကာင္းေကာင္း မြန္မြန္ဆက္ဆံဖို႔အတိအလင္း ၫႊန္ၾကားထား ပါတယ္

ေငြေၾကးလုံး၀ မတတ္ႏိုင္တဲ့ လူနာေတြ ေဆး႐ုံလာတက္တဲ့ေဆး႐ုံကေန ေဆးမကုေပးဘူး ဆိုၿပီး ႏွင္ထုတ္လို႔ မရပါဘူး”ဟုက်န္မာေရးဦးစီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာမင္းသန္းၫႊန႔္ က ျမန္မာတိုင္း(မ္)ကို ေျပာသည္

ၿပီးခဲ့သည့္လတြင္ ျဖစ္ပြားခဲ့သည့္ ေျမာင္းျမ ေဆး႐ုံမွ ေဆးမကုသေပးသျဖင့္ မိမိကိုယ္ မိမိဆုံးစီရင္သြားခဲ့ သည္ဆိုသည့္ ျဖစ္စဥ္ကို က်န္းမာေရးဝန္ႀကီးဌာနမွ စုံစမ္းစစ္ေဆးရာတြင္အဆိုပါလူနာသည္ ေဆး႐ုံႏွင့္ ပတ္သက္မႈရွိသည္ကို အထင္အရွားမေတြ႕ ေၾကာင္းက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္

သို႔ေသာ္ က်န္းမာေရးဝန္ႀကီးဌာနမွ က်င့္ဝတ္မ်ားကို က်ဳးလြန္သူမ်ားရွိပါက တာဝန္မွ ရပ္စဲျခင္း၊ သတိေပးျခင္း ျပဳလုပ္မည္ ျဖစ္ၿပီး ယခင္ကတည္းက ထိုကဲ့သို႔ အေရးယူခဲ့ဖူးေၾကာင္းေဒါက္တာ မင္းသန္းၫႊန႔္က ေျပာသည္

လက္ရွိတြင္ က်န္းမာေရးဝန္ႀကီးဌာနမွ ခ်မွတ္ထားသည့္ မူဝါဒမ်ားအရ စရိတ္မွ်ေပးစနစ္ႏွင့္အစိုးရေဆး ႐ုံတိုင္း ေမြးလူနာ မီးဖြားျခင္း၊ ငါးႏွစ္ေအာက္ ကေလးမ်ားႏွင့္ အေရးေပၚခြဲစိတ္လူနာမ်ားကို အခမဲ့ေဆးဝါး ကုသေပးရမည္ ျဖစ္သည္

“အခုဆိုရင္ က်န္းမာေရးဝန္ႀကီးဌာနက က်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ ေဆး႐ုံအေဆာက္အအုံရယ္၊ ေဆး ႐ုံဝန္ထမ္းမ်ားကို ခန႔္ထားတဲ့အျပင္ ေဆးဝါးေတြကိုပါ ေထာက္ပံ့ေပးထားပါတယ္ ။

ၿပီးေတာ့ ေဆး႐ုံတိုင္းမွာ လည္း ေဆးပေဒသာပင္ဆိုၿပီး ရန္ပုံေငြ ေပးထားတာလည္း ရွိပါတယ္ ။ အဲဒီပိုက္ဆံရဲ႕ အတိုးနဲ႔လည္း ေငြေၾကး မတတ္ႏိုင္တဲ့ လူနာေတြကို ကုေပးလို႔ရပါတယ္” ဟုေဒါက္တာ မင္းသန္းၫႊန္က ေျပာသည္ ။

သို႔ေသာ္ ေငြေၾကးတတ္ႏိုင္သည့္ လူနာမ်ားအေနျဖင့္ လိုအပ္သည့္ ေဆးဝါးမ်ားကိုဝယ္ယူသုံးစြဲရမည္ ျဖစ္ သည္ ။

က်န္းမာေရးအသုံးစရိတ္ တိုးျမင့္လာသည့္အတြက္ လူနာမ်ားက်န္းမာေရးကုန္က် စရိတ္ကိုသက္သာ လာေစေသာ္လည္း အစိုးရေဆး႐ုံမ်ား၌ ေဆး႐ုံဝန္ထမ္းမ်ား၏ ဝန္ေဆာင္မႈမွာလိုအပ္ခ်က္မ်ားစြာ ရွိေနေသးေၾကာင္း ေဒါက္တာ မင္းသန္းၫႊန႔္က ေျပာသည္ ။

“အစိုးရေဆး႐ုံတိုင္းမွာ ေဆး႐ုံဝန္ထမ္း ရွားပါးတဲ့အတြက္ သူတို႔ေတြမွာ အလုပ္ဝန္ အရမ္းပိေနပါတယ္ ။ ခုတင္ ၁၀၀ ရွိတဲ့ေဆး႐ုံဆိုရင္ အၿမဲ ခုတင္ ၆၀ ေလာက္ လူနာရွိေနေတာ့ ဝန္ထမ္းအင္အား က မႏိုင္ပါဘူး ။ ဒါေၾကာင့္ သူတို႔ ေတြက လူနာကို ေကာင္းေကာင္းမြန္မြန္မဆက္ဆံေပးႏိုင္ဘူး” ဟု ေဒါက္တာမင္းသန္းၫႊန႔္က ေျပာသည္ ။

Credit- Myanmar Times

Unicode

ငွေကြေး မတတ်နိုင်သည့် လူနာများအား ဆေးကုမပေးပါကဝန်ကြီးဌာနသို့တိုင်ကြားနိုင်ပါပြီ

အစိုးရကျန်းမာရေး ဆေးရုံများတွင် တာဝန်ရှိသူ ဝန်ထမ်းများအနေဖြင့် အခကြေးငွေမတတ်နိုင်သည့် လူနာ များကို ဆေးကုသမှုမပေးခြင်း ၊ ဆက် ဆံရေး မပြေပြစ်ခြင်း ရှိပါကကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး အရေး ယူပေးမည်ဟု ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်

ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းတွေကို လူနာတွေကို မခြေမငံ မဆက်ဆံဖို့၊ လူနာတွေဘက် ကနေ ဆက်ဆံလာရင်တောင် သည်းခံ ဖို့ ကောင်းကောင်း မွန်မွန်ဆက်ဆံဖို့အတိအလင်း ညွှန်ကြားထား ပါတယ်

ငွေကြေးလုံးဝ မတတ်နိုင်တဲ့ လူနာတွေ ဆေးရုံလာတက်တဲ့ဆေးရုံကနေ ဆေးမကုပေးဘူး ဆိုပြီး နှင်ထုတ်လို့ မရပါဘူး”ဟုကျန်မာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့် က မြန်မာတိုင်း(မ်)ကို ပြောသည်

ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် မြောင်းမြ ဆေးရုံမှ ဆေးမကုသပေးသဖြင့် မိမိကိုယ် မိမိဆုံးစီရင်သွားခဲ့ သည်ဆိုသည့် ဖြစ်စဉ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရာတွင်အဆိုပါလူနာသည် ဆေးရုံနှင့် ပတ်သက်မှုရှိသည်ကို အထင်အရှားမတွေ့ ကြောင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်

သို့သော် ကျန်းမာရေးဝန်ကြီးဌာနမှ ကျင့်ဝတ်များကို ကျုးလွန်သူများရှိပါက တာဝန်မှ ရပ်စဲခြင်း၊ သတိပေးခြင်း ပြုလုပ်မည် ဖြစ်ပြီး ယခင်ကတည်းက ထိုကဲ့သို့ အရေးယူခဲ့ဖူးကြောင်းဒေါက်တာ မင်းသန်းညွှန့်က ပြောသည်

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများအရ စရိတ်မျှပေးစနစ်နှင့်အစိုးရဆေး ရုံတိုင်း မွေးလူနာ မီးဖွားခြင်း၊ ငါးနှစ်အောက် ကလေးများနှင့် အရေးပေါ်ခွဲစိတ်လူနာများကို အခမဲ့ဆေးဝါး ကုသပေးရမည် ဖြစ်သည်

“အခုဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးရုံအဆောက်အအုံရယ်၊ ဆေး ရုံဝန်ထမ်းများကို ခန့်ထားတဲ့အပြင် ဆေးဝါးတွေကိုပါ ထောက်ပံ့ပေးထားပါတယ် ။

ပြီးတော့ ဆေးရုံတိုင်းမှာ လည်း ဆေးပဒေသာပင်ဆိုပြီး ရန်ပုံငွေ ပေးထားတာလည်း ရှိပါတယ် ။ အဲဒီပိုက်ဆံရဲ့ အတိုးနဲ့လည်း ငွေကြေး မတတ်နိုင်တဲ့ လူနာတွေကို ကုပေးလို့ရပါတယ်” ဟုဒေါက်တာ မင်းသန်းညွှန်က ပြောသည် ။

သို့သော် ငွေကြေးတတ်နိုင်သည့် လူနာများအနေဖြင့် လိုအပ်သည့် ဆေးဝါးများကိုဝယ်ယူသုံးစွဲရမည် ဖြစ် သည် ။

ကျန်းမာရေးအသုံးစရိတ် တိုးမြင့်လာသည့်အတွက် လူနာများကျန်းမာရေးကုန်ကျ စရိတ်ကိုသက်သာ လာစေသော်လည်း အစိုးရဆေးရုံများ၌ ဆေးရုံဝန်ထမ်းများ၏ ဝန်ဆောင်မှုမှာလိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဒေါက်တာ မင်းသန်းညွှန့်က ပြောသည် ။

“အစိုးရဆေးရုံတိုင်းမှာ ဆေးရုံဝန်ထမ်း ရှားပါးတဲ့အတွက် သူတို့တွေမှာ အလုပ်ဝန် အရမ်းပိနေပါတယ် ။ ခုတင် ၁၀၀ ရှိတဲ့ဆေးရုံဆိုရင် အမြဲ ခုတင် ၆၀ လောက် လူနာရှိနေတော့ ဝန်ထမ်းအင်အား က မနိုင်ပါဘူး ။ ဒါကြောင့် သူတို့ တွေက လူနာကို ကောင်းကောင်းမွန်မွန်မဆက်ဆံပေးနိုင်ဘူး” ဟု ဒေါက်တာမင်းသန်းညွှန့်က ပြောသည် ။

Credit- Myanmar Times

LEAVE A REPLY

Please enter your comment!
Please enter your name here